နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်၌ ငလျင်ဘေးနှင့် ရေဘေးအသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်

ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၅)၊ (၆)နှင့်(၁၄)တို့၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဘေးနှင့် ရေဘေးများရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သာစည်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက်ငှား ရမ်းပေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက် အခြေခံမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာ​ပေး​ ဟော​ပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် (၁) နာရီအချိန်က အ.မ.က(သုခဒီပ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ​သည်။

နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ပျဥ်းမနားမြို့နယ်၌ ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေး သင်တန်းကျောင်းအမှတ် (၂) ကျွန်းတော်ဝင်ခန်းမ၌ ကျင်းပရာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးဟန်သူ၊ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်း ကျောင်းအမှတ် (၂) ကျောင်းအုပ်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်ဝင်း မောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း မိုးစပါး ၄၈၉၉၂ ဧက လျာထားစိုက်ပျိုးမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင်  မိုးစပါး ၄၈၉၉၂ ဧကလျာထားစိုက်ပျိုးပြီး စပါးထုတ်လုပ်မှုတိုးတက်ရေးနှင့် တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး အရည်အသွေးကောင်းမျိုးစပါးများ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငလျင်ဘေးပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စုတွင် ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြိုနယ်၌ မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးရန်လျာထားပြီး ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်သွားမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၇၂၆၁ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားပြီး စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အရည်အသွေးကောင်းများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ