ဥတ္တရသီရိ ဇူလိုင် ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ဉာဏစွမ်းရည် ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ပန်းချီပြိုင်ပွဲနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဖိတ်ခေါ်ထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ စာရေးဆရာမ ချယ်ချယ် (YU) နှင့် စာရေးဆရာမ နန်းနန်း (စပါးကျီ) တို့က ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ၊ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)