နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စက်ရေတွင်းပြန်လည်တပ်ဆင်ပေးရန်လိုအပ်မှုအခြေအနေများနှင့် ကွန်ကရစ်လမ်းခင်းမည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။