ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစု ဘက်စုံခြံ၌ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးရန် ထယ်ရေးပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၂

သမဝါယမဦးစီးဌာနအနေဖြင့် ရုရှားနေကြာမျိုး (၃)မျိုး စမ်းသပ်စိုက်ပျိုးခြင်းကို တိုင်းဒေသကြီး/ပြည်နယ်(၄)ခုတွင် (၁၅)ဧကစီ စမ်းသပ်စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းစံပြကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစု၊ ဘက်စုံခြံ၌ ရုရှားနေကြာမျိုး(၁၅)ဧက စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် သမဝါယမလယ်ယာဝန်ဆောင်အသင်းများ၏ အသင်းပိုင်ထွန်စက်များဖြင့် ထယ်ရေးပြင်ဆင်နေမှုများအား သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား)၊ ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတာဝန်ရှိသူများက ကြည့်ရှုအားပေး၍ အချိန်မီမျိုးစေ့ချ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)