နေပြည်တော်ကောင်စီနယ်မြေ

MSME လုပ်ငန်းရှင်များနှင့် လုပ်သားများ မဲစာရင်းတွင် မကျန်ရှိစေရေး၊ MSME ထုတ်ကုန်ပစ္စည်းများ ဈေးကွက်အဆင့်မြှင့်တင်ရေးနှင့် MSME ထုတ်ကုန်ပစ္စည်းပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်နှင့် လယ်ဝေးခရိုင်တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာပေးထားရာ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်း အတွင်းရှိ လုပ်သားများ မဲစာရင်းတွင် မကျန်ရှိစေရေး အလေးထားကြည့်ရှုပေးရန် နှင့် MSME လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲမှု ကောင်မတီရုံး၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် အောက်တိုဘာ ၉ ရက်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မဲစာရင်းများမှန်ကန်စေရေး၊ မဲဆန္ဒရှင်များ နေ့စဉ်လာရောက်ကြည့်ရှုရေး မိမိတို့ရပ်ကွက်/ကျေးရွာများသို့ နှိုးဆော်ပေးရန်မှာကြားသည်။ လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားမှုများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁o ရက်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ(Billboard) စိုက်ထူ ခြင်း အခမ်းအနားတက်ရောက်

ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ(Billboard) စိုက်ထူခြင်း အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီလမ်းနှင့် မန္တလေးလမ်းထောင့်၊ ဇလပ်ဝါကုန်တိုက်အနီးတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအားကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားရာ အောက်တိုဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ရန်အောင် (၂)ရပ်ကွက်၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအားကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး MSMEထုတ်ကုန်များ ရောင်းချနေမှုကြည့်ရှု၊ ပျဉ်းမနားမြို့  နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်ပွဲ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၇ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် (၂၆)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအ‌‌နေဖြင့် နေပြည်တော်၏ဒေသထွက်ကုန်များအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်စေရန် ခင်းကျင်း‌ ရောင်းချထားသည့် နေပြည်တော်ဒေသထွက်ကုန်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း(BPI ဆေးဝါးအရောင်းဆိုင်)၊ ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊ ပြည်တွင်းဈေးကွက် ချိတ်ဆက်ရေးအတွက် လက်လီလက်ကား ရောင်းချသူများနှင့် ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဓမ္မစကြာရွတ်ဆို ပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များအနေဖြင့် ဘာသာတရားရိုသေကိုင်းရှိုင်းပြီး နူးညံ့သိမ်မွေ့ယဉ်ကျေးသော ကျောင်းသားလူငယ်များဖြစ်လာကြစေရန်၊ အမျိုးဘာသာသာသနာ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်၈နာရီချိန်က အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း ဘုရားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ