လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပြည်ထောင်စုအ‌ထွေထွေပိုလျှံရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

လယ်ဝေး ဖေဖော်ဝါရီ ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက်ပိုင်းတွင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး‌နေဦးက တိုင်း/ခရိုင်/မြို့နယ်တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ လမ်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)