ဦးစီးဌာန(ရုံးချုပ်)

ကချင်ပြည်နယ်အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေ GRF ဖြင့်ဆောင်ရွက်သည့် ပူတာအို-ပါအင်-တုံလီထုလမ်းပိုင်းအား ကွန်ကရစ်လမ်းခင်းမှု (၅၀)ရာခိုင်နှုန်းခန့်ပြီးစီး

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေ GRF နယ်စပ်ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပူတာအို-ပါအင်-တုံလီထုလမ်းပိုင်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့သည့် ရွှေမြင့်မိုရ်စိုးဆောက်လုပ်ရေး ကုမ္ဗဏီက တာ၀န်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း၏ (၅၀) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ရွှေဖရုံသီးများ လှိုင်လှိုင်သီးသော်လည်း လာရောက်ဝယ်ယူသူနည်းပါး

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရွှေဖရုံသီးများ လှိုင်လှိုင်ထွက်ရှိသော် လည်း​ လာရောက်ဝယ်ယူသူနည်းပါးသောကြောင့် ရောင်းအားကျဆင်းလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် Volunteer များအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံသာသနာ့ဗိမာန်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် Volunteer များအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများ၏ ရင်တွင်းစကားသံများ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စုရပ်(၇)နေရာဖြစ်သော သံဖြူဇရပ်မြို့သစ် အ.ထ.က(၁)၊ ကျိုက္ခမီ(ကဇာတ်ရုံ)၊ ကျုံကဒါတ်အ.ထ.က၊ အနင်းတိုက်နယ်ဆေးရုံ၊ ဝဲခမိတိုက်နယ်ဆေးရုံ၊ ထင်းရှူးတိုက်နယ်ဆေးရုံနှင့် အနင်းတိုက်နယ်ဆေးရုံတို့တွင် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများ၊ အသက်(၁၈)နှစ်နှင့် ရဟန်းသံဃာ/ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများ၊ မသန်းစွမ်းသူများအား ဆက်လက်ထိုးနှံပေးရာ လူဦးရေစုစုပေါင်း (၁၄၅၉၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပူတာအိုမြို့နယ် အထက်ဆန်ဂေါင်ကျေးရွာတွင် ဓါတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့် ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေကျေးရွာအုပ်စု အထက်ဆန်ဂေါင်ကျေးရွာတွင် ဓါတ်အားလိုင်းတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာ ဦးကြည်လင် ထံမှသိရသည်။

ပေါက်မြို့နယ်တွင် အငြိမ်းစား(ပင်စင်)လစာငွေများအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ အတွက် အငြိမ်းစား(ပင်စင်)လစာငွေများကို စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေး လျက်ရှိသည်။

မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်တော်လှူဒါန်းရေးအဖွဲ့သို့ ဆွမ်းဆန်တော်အိတ်(၅၀၀) လှူဒါန်းပေး

မော်လမြိုင်မြို့လုံးကျွတ်ဆွမ်းဆန်တော်လှူဒါန်းရေးအဖွဲ့သို့ဆွမ်းဆန်တော်အိတ်များလှူဒါန်းခြင်း အခမ်းအနားကိုယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် ဓမ္မနန္ဒီပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ထားဝယ်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် နေမှုအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနမှ အရာထမ်း အမှူထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်းအမှုထမ်းများ၊ ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်ခဲ့ကြရာ အဆိုပါ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ ကိုဗစ်ကာကွယ် ဆေး(ပထမအကြိမ်)ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်‌ရောဂါကာကွယ် ဆေးအား သတ်မှတ်ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က ဟင်္သာတမြို့ တာကလေးရပ် ဦးအောင်မြတ်ကျော် ဘုရားဝန်း ရှိ ပြည်လုံးချမ်းသာ ခန်းမတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရမည့်သူများနှင့် ကာကွယ်ဆေးမထိုးနှံရ‌သေးသည့် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ ၊ ရဟန်းသံဃာတော်များနှင့် သတ်မှတ် ဦးတည်အုပ်စုတို့တွင် ပါဝင်သူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရှိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)