ထားဝယ် စက်တင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနမှ အရာထမ်း အမှူထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်းအမှုထမ်းများ၊ ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်ခဲ့ကြရာ အဆိုပါ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ထားဝယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ပတ်ဝန်းကျင်လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ ၊ မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့်ခြုံနွယ်ပိတ်ပေါင်းများအား မြက်ခုတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့်သယ်ယူ စွန့်ပစ်ပေးခြင်းစသည်တို့ကို ဆောင်ရွက် ပေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက သန့်ရှင်းရေး ဆောင်ရွက် လျက်ရှိသော အရာထမ်းအမှူထမ်းများအား လှည့်လည်၍ ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)