မယ်စဲ့မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်တို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။