(၄၄)ကြိမ်မြောက်မောက်မယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါဒကစာပွဲတော်အခမ်းအနားစတင်ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိကျောင်းကြီးစာသင် တိုက်၌ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၄)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော်အခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီက စတင်ကျင်းပပြုလုပ် ခဲ့သည်။