အမြို့မြို့အနယ်နယ်သတင်းများ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့်အပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းကျင်းပသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲ(Humanitarian Diplomacy Workshop )ကို  ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotelတွင် ပြုလုပ်သည်။

ပြင်ဦးလွင်မြို့တွင်  အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆုယှဉ်ပြိုင်နိုင်ရန်အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

ကော့သောင်းမြို့နယ်မှ အသက် အသက်(၁၂၁)နှစ်ရှိ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘွားအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့မှ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ် အဘွားဒေါ်ပန်းနွယ်အား ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(နဝမအကြိမ်မြောက်)ပြန်လည်ထုတ်ချေး

မကွေးတိုင်းဒေသကြီး မ‌‌ကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ(နဝမအကြိမ်)ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆီဆုံကုန်းကျေးရွာဘုန်း‌တော်ကြီးကျောင်းတွင် ကျင်းပသည်။

ပလောက်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများအသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပလောက်မြို့၊ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် အောင်မြေအင်အား အ.လ.ကကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဆရာ/ဆရာမများပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အောင်ချမ်းသာရပ်ကွက်၊ အောင်မြေအင်အား အခြေခံပညာ အလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကလေးဝမြို့တွင် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့်မျိုးစေ့များပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ(ဌာနအစီအစဉ်)ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင်  အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များအပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်းပြည်သူများမှ အခွန်ကို လိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရေး အခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်၊မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်သောအဖွဲ့နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မလစ်အနောက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ