ဓာတုဓာတ်ကြွင်းကင်းစင်သော ပဲတီစိမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီစဥ် ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP သင်တန်းပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ဓာတုဓာတ်ကြွင်းကင်းစင်သော ပဲတီစိမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီစဥ်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP သင်တန်းကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက လေးကျွန်းမာရ်အောင် စေတီတော်ဝင်းအတွင်းရှိ ဇမ္ဗူဒီပ ဓမ္မဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။