အမြို့မြို့အနယ်နယ်သတင်းများ

ပုသိမ်ကြီးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁ဝဝ စီမံချက်ဖြင့် ကျွဲနွားကူးစက် ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရက် ၁၀၀ စီမံချက်ဖြင့် ကျွဲနွားကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ငြိမ်းချမ်းသာဇံကျေးရွာရှိ SUNDAY နို့စားနွားမွေးမြူရေးခြံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ ဆရာလေး မဇာနေသီအားဂုဏဝိသိဋ္ဌ ချီးကျူးဂုဏ်ပြုပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ သူဌေးကန်ကျေးရွာ၊ ဓမ္မကာရီသီလရှင် ကျောင်းတွင် မေ ၂ ရက်၊နံနက် ၇ နာရီအချိန်က သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်မှ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ ဆရာလေး မဇာနေသီအားဂုဏဝိသိဋ္ဌ ချီးကျူး ဂုဏ်ပြုပူဇော်ပွဲကျင်းပခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု လူရည်ချွန်မောင်မယ်များအားတွေ့ဆုံ

ပညာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များကို ဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင် လူရည်ချွန် အပန်းဖြေစခန်း၊ အင်းလေးအပန်းဖြေစခန်း၊ ငွေဆောင်အပန်းဖြေစခန်းနှင့် နေပြည်တော်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်း ကျောင်းတွင်ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီကာလအတွင်း သောက်သုံးရေလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားကြီးများနှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နယ်ဘေးအန္တရာယ်စီမံ ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် သောက်သုံးရေလှူဒါန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာန ၊ ပြည်နယ်၊ဒေသ၊ ခရိုင်၊မြို့နယ်ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲ တက်ရောက်

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် မေလ(၁)ရက် မနက်ပိုင်းက ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာနရုံးအစည်းဝေးခန်းမ၌ ရှမ်းပြည်နယ် မြေစာရင်းဦးစီးဌာန ပြည်နယ်၊ ဒေသ၊ ခရိုင်၊ မြို့နယ်ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြောင်းသိရသည်။

ငပုတောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမင်းမင်းကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းအေးအေးကြူ နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ်ခရင်ဝါးချောင်း ကျေးရွာအုပ်စု ဂျမ်းကပ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင်ဂျမ်းကပ်ကျေးရွာ အုပ်စုနှင့်ကျေးရွာခွဲ (၁၂)ရွာ ရှိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားနှင့် တိုင်းဒေသကြီးမှ လူရည်ချွန်မောင်မယ်များအားဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလုပ်ရှင်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား များ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့တွင်းရှိ ပင်မရေနှုတ်မြောင်း အမှတ် (၄) ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

လာမည့် မိုးရာသီကာလအတွင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်းရှိ ရေဝပ်နိုင် သည့်နေရာများတွင် အဓိက ဖောက်လုပ်ထားသော ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန် ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ဖြတ်သန်းသော အမှတ်(၄) ပင်မရေနှုတ်မြောင်း ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ