ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

အမာမြို့Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ကဝ)၊ ဆရာကျော့ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ရေနံချောင်းတက္ကသိုလ်၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ကမ္ဘာ့သဲကန္တရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာဖြစ်သော အနောက်ပိုင်းရပ်ကွက် လမ်းမတော်လမ်းရှိ ၂၁၆ စျေးရှေ့တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် လူထူအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဦဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာရေးဆရာ သက်လုံ ရေးသားထားသည့် “ဘဝအောင်မြင်ရေး ကျန်းမာပျော်ရွှင်မှုနှင့် စိတ်စွမ်းအင်” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက ဝန်ထမ်းများ စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ အောင်ကိုဦး( UMK) ၏ “လူငယ်တွေစဥ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင် (Community Centre) ခန်းမတွင် ပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ပန်းချီရေးဆွဲရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီ အချိန်မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၌ အမျိုးသမီးလူငယ်များအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရုံသာမက လူ့ပတ်ဝန်းကျင်၊ လူ့အသိုက်အဝန်း၌ ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်သည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အမျိုးသမီးလူငယ်များအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စာကြည့်တိုက်ခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အခြေခံတရုတ်စကားပြောသင်တန်း(၂/၂၀၂၄) အခမဲ့သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဘာသာစကားတစ်ခု တတ်ကျွမ်းစေရန်နှင့် သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံတရုတ်စကားပြောသင်တန်း (၂/၂၀၂၄) အခမဲ့သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်၍ စတင်သင်ကြားခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ