ပုံပါကျင်မြို့ အမှတ် (၁၀၀၇) နယ်ခြား အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ဖြစ်ပေါ်စေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ် (၁၀၀၇) နယ်ခြား (မူလွန်) ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။