တောင်တွင်းကြီး နိုဝင်ဘာ ၈
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တောင်တွင်းကြီးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းလှိုင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်နည်းသုံးနည်းအကြောင်းကိုလည်းကောင်း၊ စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေးများဆိုင်ရာနှင့် ကုန်ညွှန်းအမှတ်အသားများ အကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်မျိုးဆွေက လူငယ်များနှင့်ပတ်သက်၍ အာကစားနှင့်စိတ်ဓာတ် အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေယံမြင့်က တစ်ကိုယ်ရေသန့်ရှင်းရေး အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)