ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communtiy Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (အကြို) ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
အခြေခံပညာကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန်၊ စာပေဖတ်ရှူ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtiy Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (အကြို) ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။