မြိတ်မြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် ပါရှိနိုင်ရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ပါရှိနိုင်ရေးအတွက် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းစသော မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။