ကော့သောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက်(၁၀၀) စီမံချက်ဖြင့် မြို့စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု မြို့စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများသည် ဘုရင့်နောင်ကုန်းမြေ သာယာလှပရေးနှင့်လုံခြုံမှုရှိစေရေးနှင့် ကော့သောင်းမြို့သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခဲ့ကြသည်။