တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) စာမေးပွဲဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကော့သောင်းခရိုင်၊ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်‌သော အခြေခံပညာ ဆရာ၊ ဆရာမများ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) စာမေးပွဲကို ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စတင်ဖြေဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့  က‌လေးစာဖတ်ခန်း၌ ကျောင်းသား/ သူ ကလေးများ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူကလေးများ ဉာဏ်ရည်ဖွံ့ဖြိုး စိတ်ရွှင်လန်းစေ‌ရေးစကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကလေးစာဖတ်ခန်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူ၌ ဝဥစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဥစိုက်ပျိုးခြင်းဖြင့်မိသားစု အပိုဝင်ငွေရရှိသဖြင့် ဝဥကို ကျေးရွာအသီးသီးရှိ ဥယျာဉ်ခြံမြေများတွင် အများဆုံး စိုက်ပျိုးကြသည်။

ကော့သောင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာများ စိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်းများကို  ကော့သောင်းမြို့၊ အဝိုင်းပတ်နှင့် ရွှေပြည်စိုးကျေးရွာမီးပွိုင့်တို့တွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ခမောက်ကြီးမြို့အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ​ခြင်းစတင်လက်ခံ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်‌‌ ကျေးမှုစာမေးပွဲများ ဖြေဆိုပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်) မှ ကြီးမှူးကျင်းပသော နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ မေလ(၂၀)ရက်နေ့မှ စတင်ကျင်းပရာ ယမန်နေ့မေ(၂၂)ရက်နေ့က စာမေးပွဲဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့အမှတ်(၁) အခြေခံပညာကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KGတန်းမှ Grade-12  ကျောင်းသား၊ ကျောင်းသူများက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်မေလ (၂၂)ရက် နေ့မှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တိုင်းဒေသကြီးဝန်ကြီးများက အမှတ် (၁) အခြေခံပညာ ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။

ကော့သောင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အ‌ခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ (၁၄၀ပေ×၃၀ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က အဆိုပါကျောင်း၌ ဘင်ခရာအဖွဲ့နှင့်ပန်းပွားအကများဖြင့် ကျင်းပသည်။

ကလိန်အောင်မြို့ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထင်တန်းကျောင်း၌ ယနေ့မနက် ၉ နာရီက ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား စတင်ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး