တနင်္သာရီတိုင်းဒေသကြီး

လောင်းလုံးမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း‌ ကျောင်းခန်းမတွင် ပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ထားဝယ်ခရိုင်ပညာရေးမှူး၊ ဦးဆန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့်  ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

ကော့သောင်းမြို့ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအဖွဲ့များက ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့က စတင်၍ သတ်မှတ်ကျောင်းများအလိုက် ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မူလွန်ဘုရင့်နောင်ကျောင်းတွင် ပူး‌‌ပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့ အမှတ်(၁)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖြန်းခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ မိုးဦးကျတွင်ဖြစ် ပွားတတ်သည့်သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့ အမှတ်(၁)ရပ်ကွက်အတွင်း ယနေ့နံနက်က ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ)ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းမြို့နယ်၊ ဆန်စပါးလုပ်ငန်းအသင်း‌ရုံး‌‌နေရာတွင် အသင်းသူ၊ အသင်းသူများက ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ‌ကြောင်း သိရသည်။

ခမောက်ကြီးမြို့ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိ လူ​​နေအိမ်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်း‌ဆေးဖြန်းခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ် ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပူးပေါင်းအဖွဲ့များက အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် ယနေ့နံနက်က ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၆၁)ဦး၊ အမျိုးသမီး(၂၁)ဦး ၊စုစုပေါင်း (၈၂)ဦးအား ယနေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/ သူများအား ကျောင်းအပ်နှံရေးလက်ခံခြင်း ဆက်လက် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းသား/ သူများအား ကျောင်းအပ်နှံရေးလက်ခံခြင်းကို ဆက်လက်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပလောက်မြို့၌ သာသနဓဇဓမ္မာစရိယ B. A (Buddhism) ဘွဲ့တံဆိပ်တော်ရ အရှင်ဝိသေသကအား မြို့အတွင်းသို့ လှည့်လည်ပူဇော်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝရ၏ တပည့် သာသနဓဇဓမ္မာစရိယ B. A (Buddhism) ဘွဲ့တံဆိပ်တော်ရ အရှင်ဝိသေသ ကအား မြို့အတွင်းသို့ လှည့်လည်ပူဇော်ခြင်းကို ယနေ့နံနက် ၇ နာရီက ပူဇော်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သစ်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ သစ်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး