တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၊ အ-ထ-က(ခွဲ)တီထွတ်ပြင်ကျောင်း၌ ၂၀၂‌၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသား/အမျိုးသမီးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အ.ထ.က (ခွဲ) တီထွတ်ပြင်ကျောင်း၌ ယမန်နေ့က ၂၀၂‌၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲ အမျိုးသား/ အမျိုးသမီးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ထားဝယ်မြို့၌ တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များပေးအပ်လှူဒါန်းပွဲကျင်းပ

တတိယအကြိမ်မြောက်၊ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတ ပြိုင်ပွဲ (World Peace Ethics Contest,  Dawei) ထူးချွန် ဆုများပေးအပ်ပွဲနှင့် (၃၈)ဖြာမင်္ဂလာစာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁  နာရီ က ထားဝယ်မြို့၊ မြို့မယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပသည်။

မြိတ်မြို့ အထက(၂)တွင် ကလေးသူငယ်အခွင့်အရေး အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အဆိုးရွားဆုံးပုံ စံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်၁၄ရက် နံနက်၁၀နာရီခွဲက အထက(၂) ကျောင်းခန်းမတွင် ကျင်းပသည်။

မြိတ်ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရွေးကောက်ပွဲအကြိုကာလလုပ်ငန်းညှိနှိုင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲ အကြိုကာလ ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်၁၄ရက် နံနက်ပိုင်းက မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ(၁/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ(၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဗဟိုစာရင်းအင်းအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းနေရာများသို့ ယနေ့ နံနက်ပိုင်းက သွားရောက်၍ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကော့သောင်းမြို့ စိုက်ပျိုး‌မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ယူနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်ထားသော စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုအား ကြည့်ရှုအားပေးကြသည်။

သရက်ချောင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး

ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရန်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။

ပုလောမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့  အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေးဆေးခန်း၌ မွေးကင်းစမှ အသက်(၂)နှစ်‌အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို‌ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး