တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) ဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် မီးသတ်ဦးစီးဌာနရုံးခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပသည်။

ကျွန်းစုမြို့၌ အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၆လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းကို ဩဂုတ် ၁၅ ရက်မွန်းလွဲ ၂ နာရီက မြို့ပေါ် အမှတ် ၃ ရပ်ကွက်၊ အုပ်ချုပ်‌ရေးမှူးရုံး၌ ဆောင်ရွက်သည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ သင်ကြားပေးသောဆရာ/ဆရာနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အမြင့်ဆုံးကျောင်း၊ ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမနှင့် ဂုဏ်ထူးထွက်သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကရသူရိမြို့၌ အသိပညာပေးဟောပြောခြင်း၊ စာအုပ်/စာစောင်နှင့် နံရံကပ်ဘုတ်များ ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စာအုပ်/စာစောင်နှင့် နံရံကပ်ဘုတ်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်း

ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ဘုတ်ပြင်းမြိုနယ် မူလွန်ကလန်းချောင်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု ကလန်းချောင်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဗီတာမင်အေဆေးလုံး၊ သံချဆေး တိုက်ကျွေးခြင်းနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေဆေး၊ သံချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အ-ထ-က-ဘုတ်ပြင်းကျောင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကော့သောင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အဆောက်အအုံ ပန္နက်တင် 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက် အအုံပန္နက်တင်မင်္ဂလာအခမ်းအနားကို ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

လောင်းလုံးမြို့နယ်၌ (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး