ပခုက္ကူမြို့၌ နွေရာသီအားကစားနည်းများ သင်တန်းဆင်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သော နွေရာသီအားကစားနည်းများ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပပြုလုပ်သည်။