မကွေးတိုင်းဒေသကြီး

အောင်လံမြို့နယ် မိုးနှောင်းဝါနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် သမဝါယမကဏ္ဍမှ မိုးနှောင်းဝါစိုက်ဧက (၄၀၀၀) အကောင်အထည်ဖော်လျက်ရှိရာ ရေပေါ်ကျေးရွာ၊ ရေပေါ်စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်း အသင်းသားတောင်သူ ဦးအောင်ခင်၏ TBL-195 ဝါစိုက်ခင်းနှင့် အသင်းသား ဦးစိန်သောင်း B31 ဝါစိုက်ခင်းတို့၏ စိုက်ပျိုးထားရှိမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းတွင် သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ အထွက်တိုးမျိုးများဖြစ်သည့် TBL-195၊ B31၊ Rakka 666 မျိုးများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အောင်လံမြို့နယ်၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ‌

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ခရိုင်စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူးမြို့ ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သည့် စိစစ်ကြီးကြပ်ရေးအဖွဲ့က ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉ နာရီခွဲမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာအုပ်စု (၂) အုပ်စုမှ တောင်သူများအား မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့မွန်းလွဲ  ၁ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မလွန်မြသပိတ်ဘုရားရင်ပြင်တော်(သမိုင်းပြတိုက်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” စာတန်းပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်ကို ယမန်နေ့ ၁၁ နာရီအချိန်က အမှတ်(၁) ရွှေချောင်းတံတားထိပ်တွင် စိုက်ထူဆောင်ရွက်ကြသည်။

ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပခုက္ကူတက္ကသိုလ်သို့ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ သွားရောက်လေ့လာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပခုက္ကူတက္ကသိုလ်သို့သွားရောက်၍ အဆင့်မြင့်တက္ကသိုလ် ပညာရပ်များလေ့လာခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးရာသီကစိုက်ပျိုးသည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ စတင်သိမ်းဆည်း တစ်ဧကလျှင် ၁၉ ဒသမ ၃၀ တင်းထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများကို ဒေသခံတောင်သူများက စက်တင်ဘာလ ပထမပတ်မှ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧကလျှင်နေကြာ ၁၉ ဒသမ ၃၀ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆိပ်ဖြူမြို့၌ မြို့အဝင်ပန်းခြံနှင့် ကလေးကစားကွင်း တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့တွင် မြို့အဝင်ပန်းခြံနှင့်ကလေးကစားကွင်း တိုးချဲ့တည်ဆောက်ခြင်း၊ ပန်းအလှပင် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး