မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများကို မိုးစပါးသီးနှံစိုက်ပျိုးရာသီအတွက် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာများကို စိုက်ပျိုးချိန်အမီ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲခွင့် ရရှိစေရန်နှင့် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရန် ရည်ရွယ်၍ ဓာတ်မြေဩဇာအိတ်များကို ‌သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများလက်ဝယ်အရောက် စနစ်တကျဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ ရေကြီးရေလျှံမှုကင်းဝေးစေရန် ရေဆိုးထုတ်မြောင်း Box Culvert ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလတွင် ရေကြီးရေလျှံမှုကင်းဝေးစေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်အတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Box Culvert ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဌာနဆိုင်ရာရုံးများနှင့် ကျောင်းစာကြည့်တိုက်များ စနစ်တကျရှိစေရေး၊ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်ပညာထိန်းသိမ်းခြင်းကို တတ်သိနားလည်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။

နတ်မောက်မြို့နယ်၌ စိုက်ပျိုးရေးတောင်သူများအား ဓာတ်မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးရောင်းချပေး

နတ်မောက်မြို့နယ် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီက ဦးဆောင်၍ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ဓာတ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်အတွင်း မိုးစပါးနှင့် မိုးနှောင်းဝါ စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ယင်းနားကုန်း စိုက်/ထွေ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် အောင်စည်တော် စိုက်/ထွေသမဝါယမအသင်းသားတောင်သူများ၏ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှု အခြေအနေများအား သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်​။

ချောက်မြို့၌ (၄၀)ကြိမ်မြောက် ဝိနယာဓိကမာမကစာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်သံဃာနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (၄၀)ကြိမ်မြောက် မြို့နယ်ဝိနယာဓိကမာမက စာမေးပွဲ‌‌ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်‌နေ့မွန်းလွဲ ၁ နာရီက သာသနာ့ဗိမာန်​တော်တွင် ကျင်းပခဲ့သည်။

စလင်းမြို့နယ် ဆင်ကျုံးကျေးရွာ အခြေခံပညာမူလွန်ကျောင်း (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု (၃၅)ရာခိုင်နှုန်းပြီးစီးနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာ အခြေခံပညာမူလွန်ကျောင်းဆောင်သစ်၊ (၁)ထပ်ဆောက်လုပ်နေမှုအား မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက၊ ကွင်းဆင်းကြည့်ရှုခဲ့ရာ ၃၅% ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ဓာတ်သတ္ထုလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်များ လျှောက်ထားဆောင်ရွက်လျက်ရှိရာ လုပ်ထုံးလုပ်နည်းများဖြင့် ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး