မော်လိုက်မြို့နယ် ထင်းရှူးချောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုတို့အား ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထင်းရှူးချောင်ကျေးရွာ၌ ဆောင်ရွက်နေသည့် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုတို့အား ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။