ဇဝဲကျေးရွာအုပ်စုအတွင်း (၁၈) နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

တနင်္သာရီ မတ်လ ၁၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် ကျေးရွာများအရောက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ဇဝဲကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြပြီး အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေး‌သူများနှင့် ဒုတိယအကြိမ် ထိုးနှံမည့် (၁၈) နှစ်အထက် ပြည့်သူများကို ဇဝဲကျေးရွာ သာသနာ့ရက္ခိတဘုန်း တော်ကြီး ကျောင်းအတွင်း အရှေ့မော်တုန်း ကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာနမှ ဆရာမများမှ သတ္တမအသုတ် (ပထမ) အကြိမ်နှင့် ဆဌမအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးကြသည်။

ယင်းသို့ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အတွင်း ရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးမှ ဦးဆောင်ကြီးကြပ်မှုဖြင့်  ဇဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင် ထူးနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များနှင့်အတူ သတ္တမသုတ် (ပထမ) အကြိမ် အဖြစ် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုများမှ (၇၅) ဦးနှင့် ဆဋ္ဌမအသုတ် (ဒုတိယ) အကြိမ်အဖြစ် (၉၉) ဦး...ပေါင်း(၁၇၄) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ~ထိန်ဝင်း