ကျိုက်ဒုံ မတ် ၁၇
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ လယ်တောကြီးကျေးရွာအုပ်စု မြို့ရိုးတောင်ပေါ်၌ တည်ထား ကိုးကွယ်သော မြစိမ်းတောင်ဘုရား ရွှေထီးတော်တင်လှူပူဇော်ပွဲကို တပေါင်းလပြည့်နေ့၊ ညနေ ၄ နာရီက ကျင်းပသည်။
ရှေ့ဦးစွာ ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ် ခြင်း၊ မင်္ဂလာအချိန်၌ မြစိမ်းတောင်ဘုရားတွင် ရွှေထီးတော်၊ စိန်ဖူးတော်၊ ဌက်မြတ်နားတော်တို့ကို လက်ယာရစ်လှည့်လည်အပူဇော်ခံပြီး ကျိုက်ဒုံမြို့ သန္တိသုခကျောင်းဆရာတော်၊ လေးဖိုးကျောင်း ဆရာတော်၊ ရွာလုံးတောင်ကျောင်းဆရာတော်၊ လယ်တောကြီး ကျောင်း ဆရာတော်၊ ပိုင်ကြည်ကုန်း ကျောင်းဆရာတော်တို့မှ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မြစိတ်တောင် ဘုရားတွင် တင်လှူပူဇော်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင် (ကျိုက်ဒုံ)