စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ယမန်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

နာဒေသ လဟယ်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

နာဂဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer)ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂ‌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (Grade-12) ကျောင်းသားသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ထိုးနှံ ခြင်းကို ယမန်နေ့နံနညနေပိုင်း (၁၄) နာရီအချိန်တွင် လဟယ်မြို့အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်က စတင်ပြီးဖွင့်လှစ်ကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေး ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင် လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ စိစစ်ဖော်ထုတ်အရေးယူရေးအဖွဲ့ ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးတင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၉)နာရီက စတင်ပြီး မုံရွာမြို့နယ် ကျောက္ကာလမ်းပေါ်ရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်များသို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်၊ အခွန်ဆောင်ထားရှိမှု စသည့် ‌သတ်မှတ်လုပ်ငန်းလိုင်စင်များ ရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် တရားမဝင်မော်တော်ဆိုင်ကယ်များ လုံးဝရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေးတို့ကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့သည်။

ဟုမ္မလင်းမြို့၊ မြို့မစျေးတွင် “စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန်းပစ်ခြင်း” အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့မစျေးအတွင် “စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန်းပစ်ခြင်း”အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ချောင်းဦးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့က ၂၀၂၅-၂၀၂၆ခုနှစ် မိုးရာသီသီးနှံ စံပြကွက်စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ စိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုရမည့် သွင်းအားစုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ MSMEs လုပ်ငန်းများ လိုက်လံကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့အောင်  ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းအခမ်းအနားကို မေလ ၃၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဩဝါဒခံယူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး