စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia မစ္စမာကျားနှင့် အဖွဲ့အားတွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia မစ္စ မာကျားနှင့် အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ စာသင်ကျောင်းများ၊ လူနေအိမ်တိုက်တာများနှင့် ဈေးများ ပြန်တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေး ကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေး ကြီးကြပ်မှုအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နာဂဒေသလဟယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျလွေချေင်းရေအားလျှပ်စစ် သဲနွန်စစ်ကန် ‌ပိတ်ဆို့မှုအားရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၂၉-၅-၂၀၂၅) ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်မြို့အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ကျလွေချောင်း ရေးအားလျှပ်စစ်နွန်စစ်ကန်သည် သဲနွန်များပိတ်ဆို့နေမှုကို ယနေ့နံနက်ပိုင်း ၇ နာရီအချိန် လဟယ်မြို့ပေါ်ရှိ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများရပ်ကွက်ပြည်သူများစုပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း (၂/၂၀၂၅) ဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း(၂/၂၀၂၅)ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်ခြင်းနှင့် စစ်ကိုင်းမြို့အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခရာရိပ်သာ ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက် နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကီလိုမာလကာ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်ကြရာ တစ်ပိုင်တစ်နိုင် ကီလိုမာလကာ စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး မိသာစုဝင်ငွေရရှိကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်မှုများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံဆေးကုသမှုအဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပွဲကို ကျင်းပပြုလုပ်ရာ ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မလေးရှားနိုင်ငံ စစ်သံမှူး၊ ဆေးကုသရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏီစူဠာ ကောင်းမူတော်စေတီတော်ကြီးသို့ရောက်ရှိရာ စေတီတော်ကြီးအား ကြံ့ခိုင်မှုများပြန် လည်စစ်ဆေးရန်အတွက် စက်ယန္တယားများဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် စေတီတော်ကြီးမြောက်ဘက်မုဒ်ရှိ မေတ္တာကန်တော် ထိခိုက်ပျက်စီးမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး