မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စာသင်ကျောင်းဆောင် (၂) ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ငလျင် ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဒီဇယ်) တွင် စာသင်ကျောင်းဆောင် (၂) ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁) နာရီခွဲအချိန်တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။