ရွှေဘိုမြို့၌ CNG/LPG ဓါတ်ငွေ့အရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး

ရွှေဘို ဇန်နဝါရီလ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊‌ ရွှေဘိုမြို့နယ်အတွင်းရှိ CNG/LPG ဓာတ်ငွေ့ အရောင်းဆိုင်များမှတစ်ဆင့် မီးလောင်မူနှင့် ထိခိုက်ဆုံးရှုံးမူများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်(၁၀)နာရီတွင် ရွှေဘိုခရိုင်မီးသတ် ဦးစီးမှူလက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည်  ရွှေဘိုမြို့နယ်အတွင်းရှိ  LPG ဓာတ်ငွေ့အရောင်းဆိုင်(၃)ဆိုင်သို့ သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမူအား စစ်ဆေးပြီး မီးလောင်မူဖြစ်ပွားနိုင်သည့် အကြောင်းရင်းနှင့် မီးငြှိမ်းသတ်နည်းများအား အကြံပြုခဲ့ကာ မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်းပြသခဲ့ပါကြောင်းသိရသည်။

ထိုသို့မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)