စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကလေးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ    

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ဒီဇင်ဘာ  ၂၈ ရက်‌နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၌ အိုးလုပ်ငန်းစတင်လုပ်ကိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၌ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော်လည်း တစ်ဖက်တလမ်းက မိသားစုဝင်ငွေရရှိစေရန် အိုးလုပ်ငန်းစတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

ကသာမြို့တွင် မဲရုံဖွင့်လှစ်ရန် လျာထားသည့်‌နေရာများအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ဖွင့်လှစ်ရန်လျာထားသည့် အခြေခံပညာကျောင်းများအား ယနေ့နံနက်(၉)နာရီအချိန်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် မဲရုံပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်  တာဝန်ရှိသူများသည်  စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများကျင်ပပြုလုပ်မည့် နေရာများအား ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် အမျိုးသမီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Showကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community centre)၌ ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ အောင်နိုင်တိုး မိုးစပါးခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးခဲ့သော အောင်နိုင်တိုး မိုးစပါး မျိုးစေ့ထုတ်စံပြကွက် ခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၁၅ ရက်နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) ၊ တောင်သူ ဒေါ်မာမာအေး၏ စပါးစိုက်ခင်း တစ်ဧက၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စစ်တမ်းကောက်ယူခြင်းအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံများပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရာများ စစ်တမ်းကောက်ယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် စတစ်ကာဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်က မုံရွာမြို့ ကျောက္ကာလမ်းမကြီး၊ ပြည်သု့ဥယျာဉ်ရှေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်း၊ မော်တော်ယာဉ်များ အား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဟုမ္မလင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းကြိုကျောင်းသား‌၊ ကျောင်းသူများ၏ ကာယစွမ်းရည်ပြိုင်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊မူလတန်းကြိုကျောင်းမှကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆု‌ ပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပခဲ့‌ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး