စစ်ကိုင်းတိုင်းဒေသကြီး

ဟုမ္မလင်းမြို့တွင် ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သော အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဥ် (၁၀) သင်တန်းစခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သော အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဥ် (၁၀)သင်တန်းစခန်း ဖွင့်ပွဲကို ဧပြီလ ၂၇ ရက်နေ့နံနက် ၉ နာရီအချိန်က ဟုမ္မလင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (တိုင်းအဆင့်) ဆွေးနွေးပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(တိုင်းအဆင့်)ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပခဲ့သည်။

မုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမုံရွာမြို့နယ် ဦးစီးမှူးရုံး၏၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တမူးမြို့၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၈း ၄၅ နာရီအချိန်က ဗိုလ်ချုပ်လမ်းရှိ လွတ်လပ်ရေးပန်းခြံရှေ့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (တိုင်းအဆင့်) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

သူငယ်တန်း သင်ရိုးညွှန်တမ်းအညွှန်းဘောင်အရ သင်ရိုးပြုစုထားပုံကိုနားလည်ရန်၊ ကလေးများသင်ယူဖွံ့ဖြိုးမှုကို ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများကိုပြောပြတတ်ရန်၊ နယ်ပယ်အလိုက် သင်ယူမှုလုပ်ငန်းများ စီစဉ်ထားပုံကို နားလည်သဘောပေါက်ရန်၊သူငယ်တန်းကလေးများအတွက် တစ်နေ့တာအစီအစဉ် ရေးဆွဲရာတွင်ထည့်သွင်းစဉ်းစားရမည့် အချက်များကို ရှင်းပြတတ်ရန်၊ သူငယ်တန်း စာသင်ခန်းတစ်ခုတွင်ရှိသင့်သော သင်ယူရန်နေရာများကို ဖော်ထုတ်တတ်ရန်၊ ECCD သဘောတရားနှင့် သူငယ်တန်းစစ်ဆေးအကဲဖြတ်ပုံတို့ကို နှိုင်းယှဉ်လေ့လာတတ်ရန်နှင့် သူငယ်တန်းပညာရေးအကောင်အထည်ဖော်ရာတွင် မိဘများ၏ပါဝင်ပံ့ပိုးမှုလိုအပ်ကြောင်းနားလည်ရန်စသည့်ရည်ရွယ်ချက် (၇) ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (တိုင်းအဆင့်) ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများနှင့် ဆရာကြီး၊ ဆရာမကြီးများက ကလေးများအတွက် "ဒီနေ" သီချင်းကို ဂုဏ်ပြုသံပြိုင်သီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။

ဖောင်းပြင်မြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း‌ နေထိုင်ကြသည့် ပြည်သူများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက လူစည်ကားရာ နေရာများတွင် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် နွေရာသီကာလ သံပုရာသီး ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်‌တွင် နေအိမ်ခြံဝင်းများအတွင်း မြေအောက်ရေတင်ပြီး နှစ်ရှည်ပင်သီးနှံစုံစိုက်ပျိုးကြရာ နွေရာသီကာလ သံပုရာသီး ဈေးကောင်း ရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တမူးမြို့၌ သက်ကြီးရွယ်အို ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်း ဖွင့်လှစ်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း  နေထိုင်ကြသည့် သက်ကြီးရွယ် ဘိုးဘွားများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို မြို့မရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာ မီးကွင်းကျောင်းတိုက် ဗိမာန်အောက်ထပ်၌  ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မင်းကင်းမြို့တွင် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများ အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများ ဖွင့်လှစ်လျက်ရှိ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြို့နယ်များ၌ ၁-၄-၂၀၂၆ ရက်နေ့၏ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစတင်တီဂရိတ်အထိ အပူချိန်လွန်ကဲလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မင်းကင်းမြို့တွင် နေထိုင်ကြသည့် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများကို ကန်တော်ပရိယတ္တိစာသင်တိုက်နှင့် မဟာမင်းကျောင်းတိုက်တို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလေးဝမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ကတ်ပြားများပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ပေးခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး