စစ်ကိုင်းတိုင်းဒေသကြီး

ဟုမ္မလင်း၌ မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ထပ်မံဆွဲယူဆိုက်ကပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် ဖလက်ကုန်တင် မော်တော်ရေယာဥ် ပေါက်ကွဲ၍ မီးလောင်ကျွမ်းခဲ့သည့်ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ထပ်မံဆွဲယူဆိုက်ကပ်ခဲ့ခြင်းကို ယမန်နေ့ည (၅) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နေကြာပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ပျားမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

ကန့်ဘလူမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အစိုးရသစ်လက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ဧပြီ ၂၆ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဦးဝင်းရွှေ၏နေအိမ်၌ ရပ်ကွက်အတွင်းရှိအသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား၊ ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်သေးသူများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဟုမ္မလင်း၌ မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် "နိုင်ရတနာဝင်း" ဖလက်ကုန်တင် မော်တော်ရေယာဥ်ပေါက်ကွဲ၍ မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ရေယာဉ်များ ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခဲ့ခြင်းကို ယမန်နေ့ည (၅) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများ ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရွှေဘိုမြို့တွင် နေထိုင်သည့် သက်ကြီးဘိုးဘွားများနှင့် မိဘပြည်သူများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို ရန်ကြီးအောင်ပန်းခြံရှိ မြို့တော်ခန်းမ၌ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ကလေးဝမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ နွေရာသီ ရာသီဥတုပူပြင်းလာပြီး အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီခွဲက သစ်ရာမြိုင်ရပ်ကွက်ဈေးအနီး လူစည်ကားသောနေရာများ၌ ဖြန့်ဝေပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များအား တွေ့ဆုံခြင်းနှင့် MSME လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ကြသည်။

မုံရွာမြို့၌ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

 မုံရွာမြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ယမန်နေ့နေ့လယ်ပိုင်းက စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ အပူရှောင်စခန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းမြို့တွင် အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး