လက်ပံတန်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲများ စတင်ဖြေဆို

လက်ပံတန်း မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာန (၄) ခု၌ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

လက်ပံတန်းမြို့နယ်တွင် အ.ထ.က (၁) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၄၂၂) ဦး၊ အ.ထ.က (သာရဝေါ) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၆၆) ဦး၊ အ.ထ.က (ဇီးဖြူကုန်း) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၅) ဦး၊ အ.ထ.က (ခမုံဆိပ်) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၆) ဦး အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၄၂) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၇၄၉ ဦး ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၈) ဦးရှိပြီး၊ ရာခိုင်နှုန်းအနေဖြင့် ၉၂ ဒသမ ၈၁ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကြပ်ရေး ကော်မတီများဖွဲ့စည်း၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ စာစစ်ဌာနများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)