ပဲခူးတိုင်းဒေသကြီး

ကဝမြို့နယ်တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်ကြားသင်ယူမူထိရောက်ရေး ဆရာ/ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မူလတန်းဆင့်နှင့် အလယ်တန်းဆင့်သင်ကြားပေးသော ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန် ရည်ရွယ်၍ မူလတန်းနှင့် အလယ်တန်းဆင့်သင်ကြားသင်ယူမူထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းသား/ သူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတတ်မြှင့်မားလာစေရန်၊ အသစ်ခန့်ဆရာ/ ဆရာမများ၏ အရည်အသွေးတိုးတတ်မြှင့်မားလာစေရန်၊ ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီချိန်က စတင်ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ တီဘီရောဂါအခမဲ့စမ်းသပ်စစ်ဆေး ကုသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ပူးပေါင်း၍ TB Mobile Clinic ကို ယနေ့နံနက်က ဝက်စာပိုးကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာတွင် (အခမဲ့) စမ်းသပ်စစ်ဆေးကုသဆောင်ရွက်ခဲ့သည်။

သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာယာဝတီခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပူးပေါင်းကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံနှင့်အဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဆင့်နှင့် အလယ်တန်းဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)နှင့် အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တို့တွင် ဆောင်ရွက်လျက်ရှိသည်။

ကျောက်တံခါးမြို့နယ်တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့်ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အ-ထ-က(အနောက်ရပ်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် (လယ်/မူ) ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းနှင့် အ.မ.က (လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါက်ခေါင်း) ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။

အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန်    တိုင်းဒေသကြီးအဆင့်ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မတ်လ(၂၃)ရက်နေ့က အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန် တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)ဒေါက်တာကျော်ကံကောင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး