(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကြို့မြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူပေါင်း၍ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကြို့မြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်းကိုမေလ ၂ ရက်နေ့ နံနက် (၉)နာရီက ဆောင်ရွက်ခဲ့သည်။