(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကြို့မြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ကြို့ပင်ကောက် မေ ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူပေါင်း၍ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကြို့မြေဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်းကိုမေလ ၂ ရက်နေ့ နံနက် (၉)နာရီက ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရွှေကြို့မြေဘိုးဘွားရိပ်သာ ခြံဝန်းအတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အဘိုးအဖွားများအား ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ စောင်ခြင်ထောင်အိပ်ယာခင်းများအား လျှော်ဖွတ်ပေးခြင်းများ ပြုလုပ်ခြင်း၊ ဆေးပဒေသာပင်အလှူငွေ တစ်သိန်းကျပ်ပေးအပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထိုပြင် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားစေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ သံဃာ‌တော်အရှင်သူမြတ်များအား ရုံးသို့ပင့်ဖိတ်၍ အရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

ဇေယျာထွန်း