ပန်းတောင်း ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်က (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၃၉) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက မိမိတို့မြို့နယ်လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြုသည့် အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှချမှတ်ပေးထားသောစီးပွားရေးမူဝါဒ၊ ရှေ့လုပ်ငန်းစဥ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ မြို့နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ဦးစားပေးအစီအစဥ်များကိုချမှတ်ပြီး ကဏ္ဍအလိုက် သက်ဆိုင်ရာစီမံကိန်းရည်မှန်းချက်တာဝန်များကို ပြည့်မီအောင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်မိမိမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအေးကြိုင်တို့မှ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအား စီမံကိန်းရည်မှန်းချက်တာဝန်များကို ကဏ္ဍအလိုက်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)