သနပ်ပင်မြို့နယ်တွင် (၂၀၂၅ - ၂၀၂၆) ပညာသင်နှစ်ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။