သာယာဝတီခရိုင်အတွင်း နှမ်းစိုက်တောင်သူများမှ နှမ်းဘောင်ကြီးတင် မျိုးစေ့ချကိရိယာ အသုံးပြု၍ နှမ်းသီးနှံအား အောင်မြင်စွာစိုက်ပျိုးလျက်ရှိ

သာယာဝတီ မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း နှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းဘောင်ကြီးတင် မျိူး‌စေ့ချကရိယာကို အသုံးပြု၍ နှမ်းသီးနှံအားအောင်မြင်စွာ စိုက်ပျိူးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှမ်းဘောင်ကြီးတင် မျိုးစေ့ချကိရိယာကို ထယ်ရေးပြင်ပြီးမြေတွင် အနည်းဆုံးမြင်းကောင်ရေအား(၆၀)ရှိ ထွန်စက်များနှင့်ချိတ်ဆက်၍ အသုံးပြုနိုင်ကြောင်း၊ စိုက်ဘောင်အကျယ် (၄) လက်မ၊ အမြင့်  (၉) လက်မအပေါ်တွင် စိုက်တန်းအရေအတွက် (၄)တန်း၊ စိုက်တန်းအကျယ်အဝန်း (၁၂)လက်မရှိပြီး၊ ပင်ကြား ၄ လက်မစံနစ်ဖြင့် စိုက်ပါက တစ်ဧကအပင်ဝင်ဆန့်မှု ၁၃၀၀၀၀ ခန့်ရှိကြာင်း၊ ‌ဘောင်အကျယ်နှင့် စိုက်တန်းအကွာအ‌ဝေးတို့ကို လိုအပ်သလိုချိန်ညှိနိုင်ပြီး၊ လုပ်ငန်းပြီးစီးမှုအနေဖြင့် တစ်နာရီလျှင် တစ်ဧကခန့်စိုက်ပျိုးနိုင်ပြီး နှမ်းမျိုးစေ့ (၂)ပြည်ခန့်သာလိုအပ်သည့်အတွက် မျိုးကုန်ကျစရိတ် သက်သာခြင်း၊ လုပ်ငန်းများပြီးမြောက်ရန် အချိန်အားဖြင့် တစ်နာရီခန့်သာကြာမြင့်ခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ဘောင်ဖော်ခြင်း၊ စိုက်ကြောင်းဆွဲခြင်း၊ မျိုးစေ့ချခြင်းနှင့် ကြမ်းရိုက်ခြင်း စသည့်လုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်ခြင်းကြောင့် လုပ်ငန်းတွင်ကျယ်ခြင်း၊ တစ်ဧကလျှင် ဒီဇယ် (၂) ဂါလံခန့်သာ လိုအပ်သည့်အတွက် ကုန်ကျစရိတ်သက်သာခြင်း၊ စိုက်စနစ်မှန်ကန်စွာနှင့် စိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဧကအထွက်နှုန်းပိုမိုရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သာယာဝတီခရိုင်အတွင်း (၂၀၂၄-၂၀၂၅) တွင် နွေနှမ်း (၁၅၁၃) ဧကစိုက်ပျိူးမှု အပေါ်ဘောင်ကြီး တင်စံနစ်ဖြင့် (၃၉၅) ဧကစိုက်ပျိူးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ ယခုမိုးရာသီတွင် မိုးနှမ်း (၅၂၇၀၄) ဧက စိုက်ပျိူးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)