မိုးညိုမြို့၏ရေထုတ်ပေါက်ဖြစ်သည့် ရေတံခါးအားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

မိုးညို ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ညောင်ဝိုင်းကျေးရွာအနီးရှိ မြို့၏ရေထုတ်ပေါက်ဖြစ်သည့် ရေတံခါးအား ပြုပြင်ထိန်းသိမ်းခြင်းနှင့်ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတံခါးပြုပြင်ခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီဌာနမှ တာဝန်ရှိသူများက မိုးရာသီကာလတွင် မိုးညိုမြို့အတွင်း၌ ရေနစ်မြုပ်ခြင်းမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးတို့အတွက် ရေတံခါးတာဘောင်များအားကြံ့ခိုင်မှုရှိစေရန်ဆောင်ရွက်ခြင်း၊ ရေတံခါးများအား အသစ်လဲလှယ်တပ်ဆင်ခြင်း၊ မြို့အပြင်ရှိရေနုတ်မြောင်းများအား ထပ်မံတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မိုးညိုမြို့နယ်သည်ဧရာဝတီမြစ် ကမ်းအနီး၌တည်ရှိသည့်အတွက် မြစ်ရေကြီးချိန်တွင် မြို့တွင်းသို့ရေဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားသည့်တာများအား ကြံ့ခိုင်မှုရှိစေရန် လိုအပ်သောနေရာများတွင် ရေကာများ ပြုလုပ်ခြင်း၊ မြေသားတာခြေကပ်ခြင်း၊ တာဘောင်ဆင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုမင်း