ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့နယ်၌ ​၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲစတင်ပေးနှံ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများရှိ မဲရုံ (၁၄၂)ရုံ၌  ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရေးအတွက် ယနေ့နံနက် (၆)နာရီမှစ၍ ပြည်သူများမဲပေးကြသည်။

 ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၉)အုပ်စုရှိ မဲရုံပေါင်း(၁၃၃)ရုံ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေး   

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၉)အုပ်စု၌ မဲရုံပေါင်း(၁၃၃)ရုံဖြင့် ယနေ့နံနက် ၆ နာရီက စတင်ကျင်းပလျက်ရှိသည်။

ညောင်လေးပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ရပ်ကွက်/ကျေးရွာ အုပ်စုမဲရုံမှူးများမှ လာရောက်ထုတ်ယူ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား ညောင်လေးပင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ(‌နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်

ပဲခူးမြို့တွင် ဒီဇင်ဘာအားကစားလ (‌နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲပို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

သာယာဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဒီဇင်ဘာလ (၂၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၆)နာရီကစတင်၍ ခရိုင်အုပ်ချုပ်ရေးမှူးရုံးဟောင်းတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့ နယ်ပြင်ပရောက်ရှိနေသူများ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီချိန်က ပြုလုပ်ခဲ့သည်။

နတ်တလင်းမြိုနယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်း၊ နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ပေါင်းတည်၌ မဲဆန္ဒနယ်မြေ ပြင်ပရောက်ရှိနေကြသူများ၏ ကြိုတင်ဆန္ဒမဲများအား ဖွင့်ဖောက်ရေတွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်၌ မဲဆန္ဒနယ်‌မြေပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ(၂၈)ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့မွန်းလွဲ(၁၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး