ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အမျိုးသားတံခွန်စိုက်ဂျူဒိုပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လူရွေးချယ်ရေးပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဥ် မိုးလုံလေလုံအားကစားရုံ၌ ဇွန်လ(၂၁)ရက်နေ့၊ နေ့လယ်ပိုင်းအချိန်က ၂၀၂၅ ခုနှစ်၊ အမျိုးသားတံခွန်စိုက်ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လူရွေးချယ်ရေးပြိုင်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

တောင်ငူမြို့၊ ငွေတောင်ဦး ဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခ​​​ပေါင်းချောင်းရေကြီးရေလျှံမှု​ဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားလျက်ရှိရာ ယနေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တောင်ငူမြို့၊ အမှတ် (၁၈)ရပ်ကွက်၊ ငွေတောင်ဦးဘုန်းကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးသည်။

ပေါက်ခေါင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ပဲတောင့်ရှည် လှိုင်လှိုင်ထွက်လျက် စျေးကောင်းရ၍ တောင်သူများအကျိုးအမြတ်ရ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ရာသီအလိုက် ပဲသီးနှံအမျိုးမျိုးနှင့်ဟင်းသီးဟင်းရွက် ပဲတောင့်ရှည်ပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ယခုလအတွင်း မိုးရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ ပဲတောင့်ရှည်များလှိုင်လှိုင်ထွက်လျက်ရှိသည်။

လက်ပံတန်းမြို့၌  လူပုဂ္ဂိုလ်များဆိုင်ရာအဘိဓမ္မာသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ရွှေတောင်ကျောင်းတိုက်အဘိဓမ္မာအသင်း၏ ၂၀၂၅ ပညာသင်နှစ် လူပုဂ္ဂိုလ်များဆိုင်ရာအဘိဓမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွှေ တောင်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ညနေပိုင်းအချိန်က ပဲခူးမြို့အားကစားဥယျာဥ်မိုးလုံလေလုံခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို  ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

"အပြည်ပြည်ဆိုင်ရာ ရာသီဥတု​ပြောင်းလဲမှု​နေ့" အထိမ်းအမှတ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့နယ်သစ်​တောဦးစီးဌာနမှ ဦးဆောင်၍  ဇွန်လ(၂၁)ရက်​နေ့တွင်ကျ​ရောက်သည့် "အပြည်ပြည်ဆိုင်ရာ ရာသီဥတု​ပြောင်းလဲမှု​နေ့" အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်-မန္တ​လေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၄၀/၅)နှင့် (၄၀/၆)ကြား လမ်းညာဘက်​ဘေး​မြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။   

ညောင်လေးပင်မြို့၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ မပြုလုပ်ရသေးသောမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအားခေါ်ယူ၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထန်းတပင်မြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်) ထယ်ထိုးမြေမြုပ်ခြင်းသရုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကွင်းအမှတ်(၄၅၅) ဦးပိုင်(၃၇/၂) ရှိ တောင် သူဦးမြင့်စိုး၏ လယ်မြေ (၅) ဧကတွင် သစ်စိမ်းမြေသြဇာ( ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး