လက်ပံတန်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ရွှေတောင်ကျောင်းတိုက်အဘိဓမ္မာအသင်း၏ ၂၀၂၅ ပညာသင်နှစ် လူပုဂ္ဂိုလ်များဆိုင်ရာအဘိဓမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွှေ တောင်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ရွှေတောင်ကျောင်းဆရာတော်ဦးဣန္ဒာစက္ကက ဩဝါဒအမှာစကားမြွက်ကြားခဲ့သည်။ဆက် လက်၍ အဘိဓမ္မာသင်တန်းဆရာဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး အဘိဓမ္မာအသင်းဥက္ကဋ္ဌဦးအောင်ဇေယျက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ ရွှေတောင်ကျောင်းအဘိဓမ္မာအသင်း လက်ပံတန်းမြို့နယ်စာဖြေဌာန၏ ၂၀၂၅ ပညာသင်နှစ် အဘိဓမ္မာသင်တန်းကို ဇွန် ၂၈ ရက်နေ့မှ အပတ်စဥ် စနေနေ့တိုင်း နံနက် ၈နာခွဲမှ ၁၀ နာရီ အထိ ဝိသုဒ္ဒိမဂ်(ဒုတိယအဆင့်)၊ ၁၀နာရီခွဲမှ ၁၂နာရီထိ ဝိသုဒ္ဒိမဂ်(ပထမအဆင့်)၊ နေ့လည် ၁နာရီမှ ၂ နာရီခွဲထိ အဘိဓမ္မာ (ပထမအဆင့်) ၊ ၃နာရီမှ ညနေ ၄နာရီခွဲထိ အဘိဓမ္မာ (ဒုတိယအဆင့်) သင်ကြားပို့ချသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)