ပဲခူးတိုင်းဒေသကြီး

ရွှေကျင်မြို့တွင် ကလေးအလုပ်သမား‌လျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား‌လျှော့ချ‌ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။

သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်းနှင်းရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယမန်နေ့က အ.ထ.က (ကြို့ပင်ကောက်)နှင့် အခြေခံပညာကျောင်းများအတွင်းဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် ၁ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အသိ ပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စတင်ကာ အ.လ.က(ခွဲ)တပ်တွင်းကျောင်းနှင့် အ.လ.က(ခွဲ)ထန်းကုန်းကျောင်းများ၌ ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၌လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြွန်တန်ဆာမြို့ အ.လ.က(ခွဲ)သခွပ်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ က လေးသူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ.လ.က(ခွဲ) တပ်မ တော်ရပ်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြိုနယ် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမီတတ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပသည်။

သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက အ.လ.က(ခွဲ)ဈေးပိုင်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး