သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်းနှင်းရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

ကြို့ပင်ကောက် ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယမန်နေ့က အ.ထ.က (ကြို့ပင်ကောက်)နှင့် အခြေခံပညာကျောင်းများအတွင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်းသွေးလွန်တုတ်ကွေးရောဂါ ကင်းစင်ပပျောက်ရေးအတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ထွန်းထွန်းစိုးနှင့် ကူးစက်ရောဂါကာကွယ်နှိမ်းနှင်းရေးတာဝန်ခံ ဆရာဝန် ဒေါက်တာ မေဇော်တို့က သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အကြာင်းအရာများကို အသိပညာပေးဟောပြာပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများ အဘိတ်ဆေးခပ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ အသိပညာပေးခြင်းတို့ကို မြို့နယ်ငှက်‌‌ဖျားရောဂါတိုက်ဖျက်ရေးဌာန ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ်အတွင်းသွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၂၆ ဦးရှိပြီး ဖြစ်ကြောင်း၊ သေဆုံးသူမရှိသေးကြာင်း ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် လူနေထူထပ်သော ရပ်ကွက်များ ကျေးရွာများအတွင်း အပတ်စဉ်အသိပညာပေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းစိုးထံမှ သိရသည်။

ဇေယျာထွန်း