ဧရာဝတီတိုင်းဒေသကြီး

ရွှေသောင်ယံမြို့ အမှတ် (၂) ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့အမှတ် (၂) ရပ်ကွက်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ​နေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ်ရာ ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က အမှတ် (၂) ရပ်ကွက် အသောကာရာမကျောင်းတိုက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သုံးထပ်သင်တန်းသားဆောင်ဖွင့်ပွဲများတက်ရောက်

(၈၁) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း (တဲကြီးကုန်း)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အိမ်မဲမြို့တွင် နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်နွေရာသီ အားကစားအခြေခံ သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီတွင်ကျင်းပသည်။

ကြံခင်းမြို့နယ်အတွင်းရှိ စက်မှုစိုက်ပျိုးမွေးမြူရေး စာစစ်ဌာန(၁)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၅၄)ဦး ဝင်ရောက်ဖြေဆိုပြီးစီး

ဧရာဝတီတိုင်း​​ဒေသကြီး၊ ကြံခင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှုစိုက်ပျိုး မွေးမြူရေးစာစစ်ဌာန(ချင်းမြောင်)၌ ယနေ့နံနက် ၉ နာရီမှစ၍ မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက်၊ စက်မှုပုံဆွဲဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၅၄) ဦး ရာခိုင်နှုန်းအားဖြင့် ၉၈.၁၈ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဒေးဒရဲမြို့၌ (၂၀၂၆) ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက်နှင့် စက်မှုပုံဆွဲဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ(နောက်ဆုံးနေ့)အဖြစ် မြို့ပြပုံဆွဲ/ အခြေခံပရိုဂရမ်မိတ်ဆက်နှင့် စက်မှုပုံဆွဲဘာသာရပ်များကို ယနေ့နံနက် (၉) နာရီကစတင်၍  အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် နာယူကြည်ညိုခဲ့ကြသည်။

ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊သဇင်ကျေးရွာသို့ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသူ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ငွေဆောင်မြို့၊ သဇင်ကျေးရွာ( မြောက်ပိုင်း) ခါတော်မှီကျောင်းတိုက်၊ ဆွမ်းစားဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀) နှင့် အထက် အဘိုးအဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအားကျန်းမာရေး အခမဲ့စောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပု‌တောမြို့နယ်၌ စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၌ စုံ/ မနံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက်အသုံးပြုခြင်း ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ငပုတောမြို့နယ်၌ ၁၃၈၈ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၁၃၈၈ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ၁၃၈၈ခုနှစ် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး