ဘိုကလေး နိုဝင်ဘာ ၁၉
၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ပညာသင်ကြားကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။
ကြိုတင်ဆန္ဒမဲအား နိုဝင်ဘာ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့ထိ သက်ဆိုင်ရာက ခွင့်ပြုသတ်မှတ်ထားရှိပြီး ဘိုကလေးမြို့နယ်အနေဖြင့် နိုဝင်ဘာ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့ထိ (၂)ရက်တာ ကြိုတင်ဆန္ဒမဲပေးသူ တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား/သူ စုစုပေါင်း(၃၂)ဦးထိ ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်