ဧရာဝတီတိုင်းဒေသကြီး

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆောင်းသီနှံဆီထွက်(နေကြာနှင့်ပဲပုပ်) မျိုးစေ့ပေးအပ်ပွဲအခမ်း အနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါး(၂၅၂၁၂၀) စိုက်ပျိုးထားရှိရာ ယနေ့ နံနက်ပိုင်းက မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၊ တောင်သူ ဦးတင်အောင်သန်း၏ ကွင်းအမှတ်(၁၁၈၅-ခ)၊ ဦးပိုင်အမှတ် (၁၆/၁) လယ်မြေ၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်သည်။

မြန်အောင်မြို့နယ်၌  တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ၊အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌  နိုဝင်ဘာ ၁၇ ရက်မှစ၍ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ ယမန်နေ့အထိ (၃၃၆) ဦး ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ  မြန်အောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ MEVM နည်းပညာအထောက်အကူပြုအဖွဲ့များနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ  ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၁ ရက်က  မြန်အောင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ MEVM နည်းပညာအထောက်အကူပြု အဖွဲ့များနှင့် ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်အတွက် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။

မြန်အောင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကျုံဒူးမြောက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ကျုံဒူးမြောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် (၅၅) ကြိမ်မြောက် စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊  ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု  လက်ပံကုန်းကျေးရွာတွင် (၅၅)ကြိမ်မြောက် စုပေါင်းကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် တိုင်းအဆင့် ကောက်သစ်စားပွဲတော်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပမည်ဖြစ်ရာ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားပူဇော်ပွဲကို ယမန်နေ့ညနေ (၄)နာရီအချိန်က ကျင်းပခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝါးပတောသက္ကယ်ကျွန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးပတောသက္ကယ်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာနည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များနှင့် မြို့နယ်ပြည်သူ့အားကစားခန်းမတွင် တွေ့ဆုံခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အခမ်းအနားသို့ တက်ရောက်

(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ငပုတောမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့‌၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး