အ.ထ.က(ငွေဆောင်)၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ( Grade – 12) အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၌ ပညာသင်ကြားခဲ့ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် စာမေးပွဲအောင်သော ကျောင်းသား/သူများမှ ဧည့်ခံကျွေးမွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။